မင်္ဂလာရှိသော နံနက်ခင်းလေးပါ

ကိုယ့်အပေါ် မေတ္တာအစစ်အမှန်ပေးတဲ့
သူကို မပြစ်မှားပါနဲ့

မေတ္တာတရားဆိုတဲ့ စကားလုံးလေးဟာ
အင်မတန်မှ ကြားလို့ကောင်းတယ်
နာလို့ကောင်းတယ် ခံယူလို့ကောင်းတယ်
သိမ်မွေ့တယ် နူးညံ့တယ်လို့ ခံစားရတယ်

ဒါပေမဲ့အင်မတန် ထက်မြက်တဲ့ ဓားတစ်
ချောင်း၊မိုးကြိုးတစ်စင်း လိုလည်းဖြစ်နေ
တတ်တယ်။

စစ်စစ် မေတ္တာတရားလို့ရွတ်ဆိုလိုက် ရင်
သူနောက်မှာ
စေတနာပါတယ်
စေတနာ နဲ့ ကပ်လျှင် မှာ ဂရုဏာတရား
ပါတယ်

ဂရုဏာ ဆိုတဲ့ သဘောတရားနောက်မှာ
သနားကြင်နာမှု တွေကျန်သေးတယ်။

ဒါနဲ့ တင်မပြီးသေးဘူး
ကိုယ့်အတွက် ခွန်အားတချို့ကိုပါ ဖြစ်
တည်စေတယ်။

ဒါကြောင့် ရှေ့ပညာရှိတွေက ပြောကြ
တယ်…မေတ္တာ မစူး စေနဲ့ တဲ့

မေတ္တာတရား ကိုနားမလည်တဲ့သူတန်ဖိုး
မထားတဲ့ သူတွေဟာ ဝဋ် လည်တဲ့အပြင်
မေတ္တာတရားစူးရှ တဲ့ဒါဏ်ကိုပါ ခံစားရ
တတ်တယ်။

လောကမှာ
တစ်ချို့ သောလူတွေမေတ္တာတရားကို
နားမလည်ကြဘူး

သူတို့ အတ္တတွေအတွက် ကိုယ်ချင်းစာ
တရား နည်းပါးကြတယ်

သူတို့ မာနအတွက်တစ်ဖက်လူရဲ့ ခံစား
ချက်ကို မစာနာတတ်ကြဘူး

အဲ့ဒီလိုလူတွေဟာမေတ္တာစူးတတ်တယ်။

ဒါကြောင့်
ကိုယ့်အပေါ်ကို မေတ္တာတရား ထားပေး
တဲ့သူ၊ ဝေမျှပေးတဲ့ သူတွေကိုမနာကျင်
စေနဲ့၊မထိခိုက်စေနဲ့

မလိုချင်ရင်တောင် မစော်ကားမိစေနဲ့
ဝမ်းနည်းမှုတွေကိုပြန်မပေးမိစေနဲ့။

အဲဒီလူတွေ မရှိတော့တဲ့ အချိန်ကာလ
တစ်ခုမှကိုယ်ပြုသမျှတွေကဝဋ်ကျွေး
ပြန်လိုက်တတ်တဲ့အပြင်မေတ္တာတွေက
ပြန်လည်ပြီး စူးတတ်တယ်။

ဘဝမှာကိုယ့်အပေါ်ကောင်းတဲ့ သူတွေ
ကိုထိခိုက်ကြေကွဲဝမ်းနည်းစေခြင်းဟာ

ကိုယ့်အတွက်ပြန်လည်ပြီးပေးဆပ်ရမယ့်
ဝဋ်ကျွေး ကံကြမ္မာတစ်ခုကို

မိမိအတ္တအတွက်နဲ့ ရယူလိုက်ခြင်းပဲလို့
သတိပြုကြရမယ်။

//ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒာမာလာဘိဝံသ