မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ

၂၀၂၄ ခုနှစ် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို ဩဂုတ်လ ၁၂ ရက်မှ စတင်ပြီး နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိရာ-

ပုလဲရောင်းချပွဲ ပထမနေ့တွင် ပြည်တွင်း ပြည်ပမှ ရတနာကုန်သည်များသည် ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည့် ပုလဲအတွဲများအတွက် ဈေးနှုန်းအဆိုပြုလွှာများကို သက်ဆိုင်ရာ တင်ဒါ ပုံးများအတွင်းသို့ ထည့်သွင်းခဲ့ကြောင်းသိရှိရပါသည်။

ဩဂုတ်လ ၁၃ ရက်၊ ပုလဲရောင်းချပွဲ ဒုတိယနေ့တွင် တင်ဒါအမှတ်(၁)နှင့် တင်ဒါအမှတ်(၂) တို့မှ ပုလဲအတွဲ ပေါင်း (၂၃၀) ရောင်းချပေးခဲ့ရာ ပုလဲအတွဲ ပေါင်း(၁၇၇) တွဲရောင်းချနိုင်ခဲ့ကြောင်း သိရှိရပါသည်။