🌷ကိုယ်လည်းပဲ ဧည့်သည်ပါပဲ🌷
တစ်ခါတစ်လေမှာ
ပြဿနာဆိုတဲ့အရာကြီးက
မမျှော်လင့်ထားပဲရောက်လာတတ်တယ် ။
သူလည်း ဧည့်သည်ပါပဲ
မလာနဲ့လို့ ကိုယ်ကပြောလို့မှမရတာ ။
ဧည့်သည်ဆိုတဲ့သဘောက
အကြာကြီးမနေဘူး ခဏလေးပဲဆိုတဲ့
အတွေးကို ကြိုတွေးထားစေချင်တယ် ။
ကိုယ်လည်းပဲဧည့်သည်ပါပဲ
အချိန်တန်ရင် အိမ်ပြန်ရအုံးမှာပါ ။
လူ့ဘ၀ကို လာတယ်ဆိုတာက
ကုသိုလ်အဖိုးအခရဖို့အတွက်
အလုပ်လာလုပ်ကြတဲ့သဘောပါပဲ ။
အရာအားလုံးက
မမြဲတာတွေ အချင်းချင်းဖြစ်လို့
ဆုံရှုံးပျက်စီးမှု ဘယ်အရာအတွက်နဲ့မှ
အကြာကြီး ခံစားနေဖို့ မလိုပါဘူး ။
အမုန်းတရားဆိုရင် လွတ်ချပြီး
သမုဒယကိုလျော့ချကာ နေမယ်ဆိုရင်
ကိုယ့်ဘ၀က ပေါ့ပါးပြီးချမ်းသာပါတယ် ။
🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏