ဧရာတိုင်းက ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲ

ယနေ့ ဩဂုတ်လ ၅ ရက်နေ့တွင် အမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (ကွင်းကောက်) ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ်မှ သင်တန်းသားများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။