အိန္ဒိယလေတပ်သည် ၎င်း၏ နောက်ဆုံး အသုံးပြုနေဆဲ MiG-21 တိုက်လေယာဉ်များအား အခြေစိုက် ရာဂျက်စတန်ပြည်နယ် Suratgarh လေတပ်အခြေစိုက်စခန်းမှ အခြားကျန်ရှိနေဆဲ MiG-21 တိုက်လေယာဉ်များ သိမ်ဆည်းထားရာ Bikaner အနီးရှိ Nal သဲကန္တာရ လေတပ်အခြေစိုက်စခန်းသို့ ရွှေ့ပြောင်းခဲ့ပါသည်။ ဤသို့အားဖြင့် ကမ္ဘာ့စတုတ္ထအကြီးဆုံးလေတပ်သည် သမိုင်းကြောင်း အထင်ကရ တိုက်လေယာဉ်များကို အနားပေးပြီး Tejas အပေါ့စားတိုက်ခိုက်ရေးလေယာဉ်သစ်(LCA Mk-1A) များဖြင့် ဖွဲ့စည်းထားသည့် တိုက်လေယာဉ်အုပ်များဖြင့် အစားထိုးခြင်းကို ဇူလိုင်လတွင် စတင်တော့မည် ဖြစ်ကြောင်း သိရှိရပါသည်။
လာမည့်နှစ်အတွင်း MiG-21 တိုက်လေယာဉ်များသည် အိန္ဒိယလေတပ်မှ အနားပေးခြင်း ခံရတော့မည် ဖြစ်သော်သည်း ၎င်းနှင့် ၎င်း၏ မျိုးကွဲများမှာ အခြားနိုင်ငံများ၏ လေတပ်များတွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြဉီးမည် ဖြစ်ပါသည်။ The Military Balance 2023 တွင် ဖော်ပြထားချက်အရ တရုတ်၏ ရာနှင့်ချီသော Chengdu J-7 များသည် လေယာဉ်လွှဲပြောင်း သင်တန်းများတွင် လေ့ကျင့်ရေး လေယာဉ်များအဖြစ် ဆက်လက် အသုံးပြုနေကြဆဲဖြစ်ပါသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (လေတပ်) တွင် လေယာဉ်ဟောင်းနှင့် အသစ်တို့အကြား ကွာဟချက်မှာ အိန္ဒိယလေတပ်ထက်ပင် ပိုမိုသိသာထင်ရှားလာပြီး J-7 တိုက်လေယာဉ်အိုကြီးများသည် သည် ကမ္ဘာ့ဒုတိယအကြီးဆုံး ပဥ္စမမျိုးဆက် တိုက်လေယာဉ်အင်အားစုဖြစ်သည့် Chengdu J-20 နှင့် Shenyang FC-31 ရေဒါပျောက် တိုက်လေယာဉ်များနှင့်အတူ ပူးတွဲတာဝန်ထမ်းဆောင်နေကြပါသည်။
ထို့ကြောင့်ပင် တရုတ်သည်လည်း ၎င်း၏ J-7 တိုက်လေယာဉ်အိုကြီးများအား ၂၀၂၃ ခုနှစ်တွင် အနားပေးနေပြီ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ တချိန်က သမိုင်းကြောင်း တောက်ပခဲ့ကြသည့် MiG-21 တိုက်လေယာဉ်များနှင့် ၎င်း၏ မျိုးကွဲများစွာတို့သည်လည်း ခေတ်မီ မျိုးဆက်မြင့် တိုက်လေယာဉ်များဖြင့် တဖြည်းဖြည်းခြင်း အစားထိုးခံရမှုနှင့်အတူ ကွယ်ပျောက်သွားတော့မည် ဖြစ်ပါသည်။
Crd////သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရင်းမြစ်။


