ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၄) သင်တန်းသားများသင်တန်းကျောင်းအသီးသီးကိုဝင်ရောက်

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄) သင်တန်းသားတွေဟာ သက်ဆိုင်ရာသင်တန်းကျောင်းအသီးသီးကို ဇူလိုင် (၃၀)ရက်နေ့ကစတင်ရောက်ရှိလာကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အမှတ်စဉ် (၁) သင်တန်းသားတွေဟာ ဇွန် ၂၈ ရက်နေ့က သင်တန်းဆင်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေပြီလို့ သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှတ်စဉ်တစ်ခုမှာ သင်တန်းသား ၅၀၀၀ ခေါ်ယူ သင်တန်းပေးသွားမှာ ဖြစ်ပါတယ်။

မြေပြင်မှာ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေကြတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ချိူ့ မသမာမှုမရှိစေရေးအတွက် အလေးထားကြပ်မတ်ဆောင်ရွက်ကြဖို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက သတိပေးပြောဆိုထားပါတယ်။

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁)ကို ဧပြီ ၈ ရက်နေ့ကလည်းကောင်း၊ အမှတ်စဉ် (၂) ကို မေ ၁၄ ရက်နေ့က လည်းကောင်း၊ အမှတ်စဉ် (၃)ကို  ဇွန် ၂၅ ရက်နေ့ကလည်းကောင်း ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

CRD