-ယာယီသမ္မတ ဦးမြင့်ဆွေ အနေဖြင့် အာရုံကြောအားနည်းမှုရောဂါ ခံစားနေရတာကြောင့် နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှုမရှိသေးသည့် အတွက်၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက် ၁၁၃၀ အချိန်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ရန်အလိုငှာ တာဝန်လွှပြောင်းခြင်း ပြုလုပ်ခဲ့ရ။
-ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာမှု၊ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေကြေညာမှုအရ အမျိုသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်ပါဝင်သည့် ပုဂ္ဂိုလ်အချို လစ်လပ်သွားစေကာမူ ကျန်ရှိသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲစည်းပုံအခြေခံဥပဒေကပေးထားသည့် တာဝန်များကို မလွဲမသွေ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်။
-ယာယီသမ္မတလစ်လပ် သွားပါက ပုဒ်မ ၄၁၂(ခ)နှင့် ပုဒ်မ ၄၁၈(ခ) တွင်ပါရှိသည့် အခြေခံဥပဒေ၏ သဘောတရားများအရ နိုင်ငံတော်၏ကိစ္စရပ်များကို အဓိကအဆုံးအဖြတ်ပေးရသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်ရန်ဖြစ်။
-ဖွဲစည်း ပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏အုပ်ချုပ်ရေးအာဏာကို သမ္မတကိုယ်စား လက်တွေ့ကျင့်သုံးဆောင် ရွက်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို လွှဲပြောင်းခဲ့ခြင်းဖြစ်။
-ရွေးကောက်ပွဲကျင်းပရေးသည် မိမိတို အစိုးရ၏ မည်သည့်အခါမျှမပြောင်းလဲသော ရည်မှန်းချက်ပင်ဖြစ်ကာ ရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရေး ပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်ပြီး မိမိအနေဖြင့်ချမှတ်ထားသည့် ရည်မှန်းချက်အတိုင်းအောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်။
-ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA အဖွဲနှင့် TNLA အဖွဲတိုက ဒေသတည် ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်သဘောတူထားသည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်ပြီး တိုက်ပွဲများဖော်ဆောင်လာခဲ့။
-တပ်မတော်သည် ပြည်သူလူထုမှ ပေါက်ဖွားလာသော ပြည်သူ့တပ်မတော် ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်တာနှင့်အညီ ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန်၊ နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်။
-တပ်မတော်၏ တရားသောစစ်ဆင်နွဲနေသည့်အပေါ်တွင် ဝန်းရံထောက်ခံအားပေးနေသည့် မျိုးချစ်လူငယ်များ၊ အဖွဲအစည်း များ၊ စစ်မှုထမ်းဟောင်းများနှင့် တိုင်းရင်းသား ပြည်သူလူထုအပေါ် ဂုဏ်ယူပါကြောင်း။
-ပြည်ပနိုင်ငံအချိုသည် စီးပွားရေးပိတ်ဆိုခြင်း၊ ဘဏ်များလုပ်ကိုင်နိုင်မှု မရှိအောင် ပိတ်ဆိုခြင်း၊ နယ်စပ် ကုန် သွယ်ရေး မပြုလုပ်နိုင်အောင် နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ခြင်း၊ ၎င်းတိုအကျိုး အမြတ်ရရှိရေး၊ လက်ဝါးကြီးအုပ်ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများကို နည်းလမ်းပေါင်းစုံနှင့် အားပေးကူညီခြင်းများ ပြုလုပ် နေသည်ကိုတွေ့ရှိရ။
-ယခုနှစ်အတွင်းဆေးရုံသုံးပစ္စည်းကိရိယာများ ဝယ်ယူဖြည့်တင်းခြင်းနှင့် ဆေးရုံများတိုးချဲ့ဆောက်လုပ်ခြင်းအတွက် သီးသန့်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၂၂ သန်းနှင့် ကျပ်ငွေ ၁၁၆ ဒသမ ၈ ဘီလီယံကို အသုံးပြုသွားမည်ဖြစ်။
-စားရေရိက္ခာဖူလုံရေးနှင့် ပတ်သက်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မိုးစပါးစိုက်ဧက ၁၅ သန်းကျော်လျာ ထားပြီး လက်ရှိအချိန်တွင်ပျမ်းမျှ ၇၀ ရာခိုင်နှုန်းနီးပါး စိုက်ပျိုးပြီးဖြစ်။
-ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဥပဒေနှင့်အညီသာ တောင်းဆိုရမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်လည်းဖြစ်။
-ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးပင်ဖြစ်။
-လုံခြုံရေးပိုင်းနှင့် ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်။
-NUG နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲများအနေဖြင့် မြန်မာနိုင်ငံအကျိုးကို မလိုလားသည့်နိုင်ငံများ၏ ထောက်ပံ့မှုများ ရယူကာ အကြမ်းဖက်တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေလျက်ရှိ။
-ဖွဲစည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတော်တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁-၈-၂၀၂၄ ရက်မှစပြီး နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း”။
crd//