ရဲဘော်သုံးကျိပ်ကစလို့ သန္ဓေတည်ခဲ့တဲ့ တပ်မတော်ဟာ ခေတ်အဆက်ဆက်မှာ ပြည်ထောင်စုပြိုကွဲမယ့် ရန်ကို အကြိမ်ကြိမ်ကာကွယ်ခဲ့သလို ယနေ့ခေတ်မှာ တွေ့ကြုံနေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေက နေလည်း ပြည်ထောင်စုပြိုကွဲမယ့်ရန်ကို ကာကွယ်ရင်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်နေတာကို တွေ့မြင်ရမှာပါ။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD အစိုးရဟာ မဲမသမာမှုတွေရှိခဲ့ပေမယ့် ဖြေရှင်းပေးနိုင်ခြင်း မရှိတာကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ရပြီး နိုင်ငံတော် အာဏာကို မဖြစ်မနေထိန်းသိမ်း လိုက်ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ တိုင်းပြည်ကိုဖျက်ဆီးဖို့ ကြံစည်ထားတဲ့ NLD ပါတီဟာ မဲမသာမှုဖြစ်စဉ်ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းပေးဖို့မစဉ်းစားဘဲ မစားရအမဲသဲနဲ့ပက်ခဲ့ပြီး လူငယ်တွေကို လမ်းပေါ်ရောက်အောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အသိဉာဏ် ပညာနည်းပါးသေးတဲ့ လူငယ်တွေဟာ အမှားအမှန်ကို စဉ်းစားဆုံးဖြတ်နိုင်စွမ်းမရှိခဲ့တာကြောင့် NLD ပါတီရဲ့လော်ဘီတွေနဲ့ ပြည်ပကနေသွေးထိုးလှုံဆော်နေတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ တွန်းအားတွေကြောင့် နောက်ဆုံးမှာ လက်နက်စွဲကိုင်ပြီး မြို့ရွာတွေမှာ အကြမ်းဖက်လုပ်ရပ်တွေကို စတင်လုပ်ဆောင်ခဲ့တာကို တွေ့ရမှာပါ။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုတဲ့အချိန်ကို ရောက်လာခဲ့တာကြောင့် လက်နက်စွဲကိုင်ထားတဲ့လူငယ်တွေကို စစ်ပညာတွေ သင်ကြားပေးပြီး အဖျက်အမှောင့်လုပ်ရပ်တွေ ပိုလုပ်နိုင်ဖို့ ဘက်ပေါင်းစုံက ကူညီပေးတဲ့အခါ လူငယ်တွေဟာ PDF ဆိုတဲ့အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေကို စတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။ PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့ဟာ ကိုယ့်ဝမ်းစာကိုယ် အေးချမ်းစွာ ရှာဖွေစားသောက်နေတဲ့ ပြည်သူလူထုကို အမျိုးမျိုး ဒုက္ခပေးပြီး ငါနှင့်မတူ ငါ့ရန်သူသဘောထားခဲ့ကာ ရဟန်း၊ သာမဏေ၊ ဆရာ ၊ဆရာမ မကျန် အကုန်“သ”ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့ပြင် အစိုးရဝန်ထမ်းတွေကိုလဲ CDM မလုပ်ရင် ဒလန်ဆိုပြီး အကြောင်းမဲ့“သ”ဖြတ်တာတွေ လုပ်ခဲ့တာကို တွေ့ရမှာပါ။ PDF အကြမ်းဖက်အဖွဲ့ဟာ မြို့ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သလို အေးချမ်းသာနေထိုင်လိုတဲ့ ပြည်သူလူထုကိုလဲ အမျိုးမျိုးခြိမ်းခြောက်ပြီး ဓားပြသာသာအလုပ်တွေ ဆက်တိုက်လုပ်လာတာကြောင့် တပ်မတော်အနေနဲ့ မြို့ရွာတွေမှာ PDF အကြမ်းဖက်သမားတွေကင်းစင်ဖို့ နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေးတွေလုပ်ခဲ့ပြီး အသက်ကိုမဓာနမထားဘဲ ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။
PDF ကြောင့် မြို့ပျက်ရွာပျက် ဖြစ်လာတဲ့အခါ ပြည်သူလူထုကလည်း တပ်မတော်နဲ့ ပူးပေါင်းမှုတွေ လုပ်ခဲ့တာကြောင့် အကြမ်းဖက် PDF အနေနဲ့ မြို့ရွာတွေမှာ ဆက်လက်အခြေမပြုနိုင်တော့ဘဲ KIA၊ TNLA၊ KNPP/KNDF၊ AA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး မြို့သိမ်းနိုင်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြို့ရွာပျက်စီးရေးတွေကို ဆက်လက်လုပ်ခဲ့တာကို တွေ့ရမှာပါ။ PDF ကို လက်ကိုင်တုတ်သဖွယ် သဘောထားပြီး ကိုယ်ကျိုးရှာနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ အခွင့် အရေးကိုအကောင်းဆုံး အသုံးချနေပေမယ့် ဒို့တာဝန်အရေးသုံးပါးကို အမြဲဉီးထိပ်ပန်ဆင် ထားတဲ့ တပ်မတော်ကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်စိမ်းနဲ့ ပြည်သူ့ဘဝလုံခြုံဖို့အတွက် ယနေ့ထိအသက်ပေး ကာကွယ်နေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ PDF ကိုအကောင်းဆုံး အသုံးချသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ မြို့ရွာအနည်းငယ်ကို ထိန်းချုပ် ထားနိုင်ပေမယ့် သူတို့အုပ်ချုပ်မှုအောက်မှာ ဘယ်ပြည်သူမှ မနေရဲတော့တာကြောင့် တရားဥပဒေစိုးမိုးမှုရှိတဲ့ တပ်မတော်ရှိတဲ့မြို့ရွာတွေကိုပဲ လာရောက်နေထိုင်ရင်း ပြည်သူလူထုဟာ တပ်မတော်အပေါ် အပြည့်အဝ ယုံကြည်နေတာကို ပြသနေကြောင်း ရေးသားလိုက်ရပါသည်။