ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံနယ်စပ်၊ လာအိုဘက်ခြမ်း တုံဖုံမြို့ နယ်မှာ တော်လှန်ရေးအတွက် ရန်ပုံငွေရှာနေတဲ့ ထောက်ပို့ ၁၇ ဦးကို လာအိုရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာအစိုးရကို လွှဲပေးလိုက်တာကို NUG ကိုထောက်ခံတဲ့ Defend Myanmar Democracy အပါအဝင် အရပ်ဖက်အဖွဲ့အစည်းအချို့က ကန့်ကွက်စာပေးပို့တယ်လို့ ဆိုပါတယ်။
ဖမ်းခံရတဲ့ ၁၇ ဦးဟာ လာအိုနိုင်ငံရဲ့ ဥပဒေကို မထီမဲ့မြင်ပြုကာ လူမြင်ကွင်းမှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြသလိုလို ပုံစံမျိုးတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီထောက်ပို့ဆိုသူတွေကြောင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေတိုးပွားလာနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီထောက်ပို့တွေကို မြန်မာအစိုးရထံလွှဲပေးခြင်းဟာ အကြမ်းဖက်တွေ ရပ်တန့်ဖို့ အားပေးကူညီရာရောက်တယ်လို့ ရှုမြင်ပုံရပါတယ်။။ အခုနောက်ပိုင်း NUG နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာအသိုင်းအဝိုင်းမှာ ကမ္ဘာ့ချီးထုပ်ကြီးတွေအဖြစ် မြင်လာကြပြီဆိုတာ ဒီဖြစ်ရပ်တွေကို ကြည့်ရင်သိနိုင်ပါတယ်…