🌷အတွေးမချော်ဖို့ ဂရုစိုက်ပါ🌷
အတွေးတဲ့
စကားလုံးက နှစ်လုံးထဲမို့သာ
အဓိပ္ပါယ်တွေက အရမ်းကျယ်ပြန့်တယ် ။
အတွေးလွန်သွားပြီဆိုရင်
နေရတာဟာ မသက်သာကြသလို
အိပ်ရတာလည်း မကောင်းတော့ဘူး ။
အတွေးမှားပြီးဆိုရင်
အလုပ်တွေမှားပြီး ဆင်းရဲကြရတယ် ။
ပူစရာတွေ တွေးမိတဲ့အခါ
ကိုယ့်လောကဟာ ပူလောင်ခံရတယ် ။
အေးစရာတွေ တွေးမိတဲ့အခါ
ကိုယ့်လောကဟာ ငြိမ်းချမ်းရတယ် ။
ရလိုမှုနဲ့စပ်တဲ့အတွေး
မကျေနပ်မှုနဲ့စပ်တဲ့အတွေးတွေဟာ
ကိုယ့်ဘ၀အတွက် အဆိပ်အပူတွေပါပဲ ။
စွန့်လွတ်မှုနဲ့စပ်တဲ့အတွေး
သူများချမ်းသာစေလိုတဲ့အတွေးကို
တွေးပေးတတ်ရင် ချမ်းသာပါတယ် ။
ငါဟာ သေဖို့နီးလာပြီဆိုတဲ့အတွေး
ငါဟာ မမြဲတဲ့ လူသားဖြစ်တယ်လို့
ကိုယ်နှင့်စပ်တဲ့ မှန်ကန်တဲ့အတွေးတွေဟာ
ကိုယ့်အတွက် ကောင်းတာလုပ်ဖို့
တွန်းအားတစ်ခုကို ဖြစ်စေနိုင်ပါတယ် ။
အတွေးမှန်ရင် ဘ၀ကအဆင်ပြေပြီး
အတွေးချော်ရင်တော့ ဘ၀က
မလိုချင်တာတွေနဲ့ စိတ်ဆင်းရဲရပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏