BIMSTEC အကြောင်း သိကောင်းစရာ

BIMSTEC လိုခေါ်တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ စတင်သန္ဓေ တည်ခဲ့သည်ဟု ဆိုရမည်။ အိန္ဒိယ၏ အရှေ့မျှော်ဝါဒနှင့် ထိုင်း၏ အနောက်မျှော်ဝါဒ တို့ကို ပေါင်းစည်းထားသောကြောင့် ဖြစ်သည်။

၁၉၉၇ ခုနှစ်၊ ဇွန် ၆ ရက်နေ့တွင် အဆိုပါအဖွဲ့ကို စတင်ဖွဲစည်းပြီး ထိုစဉ်က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်း ၄ နိုင်ငံသာ ပါဝင်ပြီး (Bangladesh–India-SriIanka-Thailand Economic Cooperation) BISTEC ဟုခေါ်တွင်သည်။ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံဟာ အဖွဲဝင်နိုင်ငံဖြစ်လာပြီး (Bangladash-India-Myanmar-Srilanka-Thailand-Economic Coorperation) BIMSTEC ဟု အမည်ပြောင်းလဲခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဘူတန်နှင့် နီပေါနိုင်ငံတိုသည် အဖွဲ့နိုင်ငံသစ်အဖြစ် ပါဝင်လာခဲ့သည်။

BIMSTEC ဒေသတစ်ခုလုံး၏ လူဦးရေမှာ ၁.၅ ဘီလီယံရှိပြီး တစ်ကမ္ဘာလုံးလူဦးရေ၏ ၂၂ % ရှိသည်။ ကုန်ထုတ်လုပ်မှုစုစုပေါင်း ၇၅၀ ဘီလီယံရှိသည်။ ဘင်းမ်စတက်အဖွဲ့သည် တောင်အာရှနှင့် အရှေ့တောင်အာရှ၊ ထိုမှတစ်ဆင့် အရှေ့အာရှဒေသသို့ ဆက်သွယ်ပေါင်းကူးရေးအတွက် အရေးကြီးသော အဖွဲအစည်းကြီး ဖြစ်သည်။ လက်ရှိ BIMSTEC အဖွဲ့ကြီးတွင် ပါဝင်သောနိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါနှင့် ဘူတန်နိုင်ငံတို့ ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံကုန်းတွင်းပိုင်းနိုင်ငံများနှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ တောင်အာရှနိုင်ငံ၊ အာဖရိကနိုင်ငံများသို ရေလမ်းကြောင်းဖြင့် ဆက်သွယ်ချိတ်ဆက်ပေးမည့် မဟာဗျူဟာအချက်အချာ နေရာဖြစ်လာသည်။

မြန်မာ-အိန္ဒိယပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများစွာဆောင်ရွက်ရန် သဘောတူညီမှုရရှိထားပါသည်။ ၎င်းစီမံကိန်းတွင် စစ်တွေဒေသ၊ ကုလားတန်မြစ်ဝတွင် ဆိပ်ကမ်းတစ်ခုတည်ဆောက်ခြင်း၊ စစ်တွေဆိပ်ကမ်းနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသကို ရေကြောင်းဖြင့် ဆက်သွယ်ခြင်း၊ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဆိပ်ကမ်းတစ်ခုတည်ဆောက်ခြင်းနှင့် ပလက်ဝ မြို့မှ အိန္ဒိယ-မြန်မာ နယ်စပ်ရှိ မြိတ်ဝသို့ ဆက်သွယ်သည့်လမ်းမကြီး အဆင့်မြင့်တင် ဖောက်လုပ်မည့် လုပ်ငန်းများပါဝင်ကြောင်း ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။ #Crd