တိုက်ပွဲသတင်း(သံတွဲ)

ဇူလိုင် ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။

သံတွဲမြို့ နယ်မြေခံတပ်ရင်းဌာနချုပ်များမှ တပ်မတော်စစ်ကြောင်းများသည် ရန်သူ့နေရာအား ချီတက်တိုက်ခိုက်စဉ် AA သကသ အင်အား ၈၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့နေရာအား သိမ်းပိုက်ရရှိခဲ့။

AA သကသ များသည် ထိခိုက်ကျဆုံးမှုများစွာဖြင့် အလောင်းနှင့် ထိခိုက်ဒဏ်ရာ ရသူများအား ဆွဲယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့။

ဖြစ်စဉ်အတွင်း AA သကသ များ မကောက်ယူနိုင်ဘဲ ကျန်ရှိခဲ့သည့်-

AA ၁ လောင်း
အမ်(၂၂) ၁ လက်
ကျည်အိမ် ၃ ခု
ကျည် ၁၀ တောင့် သိမ်းဆည်းရမိခဲ့။