အမေရိကန်ဒုသမ္မတ ကမလာဟားရစ်က သမ္မတရွေးကောက်ပွဲဝင်မည်

“ဒေါ်နယ်ထရန့်ကိုအနိုင်ယူဖို ဒီမိုကရက်တစ်ပါတီကို စုစည်းပြီး တိုင်းပြည်ကို စည်းလုံးညီညွတ်အောင်လုပ်ဖို အစွမ်းရှိသမျှ လုပ်ဆောင်သွားမှာပါ” ဟု ကမလာဟားရစ်ကပြောသည်။

အမေရိကန် ဒုသမ္မတ ကမလာဟားရစ်သည် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အမေရိကန် သမ္မတအတွက် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းရန် ရည်မှန်းထားကြောင်း ကြေညာခဲ့သည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ ရွေးကောက်ပွဲ ဌာနချုပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် အလားအလာရှိသော ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ်ရည်မှန်းထားသော ဟားရစ်၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ကြေညာပြီးနောက် “သမ္မတဘိုင်ဒင်ရဲ့ ထောက်ခံမှုကို ရရှိတဲ့အတွက် ဂုဏ်ယူမိပါတယ်၊ ဒီအဆိုပြုလွှာကို ရယူနိုင်ဖို ရည်ရွယ်ထားပါတယ်” ဟု ဟားရစ်ကပြောသည်။