၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ အချိန်ထိ ရရှိတဲ့သတင်းများအရ လားရှိုးမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါတယ်။
တရုတ်ဗဟိုကွန်မြူနစ်ပါတီ အစည်းအဝေးကို အကြောင်းပြပြီး MNDAA အဖွဲ့မှ တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းထုတ်ပြန်ခဲ့သော် လည်း MNDAA အဖွဲ့အနေဖြင့် မြေပြင်တွင် လားရှိုးမြို့အား အင်အား အလုံးအရင်းဖြင့် ဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်..
ခိုင်လုံတဲ့ သတင်းများအရ MNDAA အဖွဲ့မှာ ထိခိုက်ကျဆုံးမှု များပြားနေပြီး အတင်းအဓမ္မ စုဆောင်းထားသည့် ကလေးသူငယ်များအပါအဝင် တရုတ်စကား ပြောတတ်သူ ကိုးကန့်၊ ရှမ်း၊ ပလောင်လူမျိုးများကိုပါ တိုက်ပွဲနေရာများသို့ စေလွှတ်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရပါတယ်..
၂၀ ရက်နေ့ တစ်ရက်တာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ…
-လားရှိုးမြို့၊ ဟိုပိတ်တိုးဂိတ်သို့ နေရာ ၂ နေရာမှ MNDAA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က လက်နက်ကြီး/ငယ်၊ Drop Bomb များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့။
-လားရှိုးမြို့နယ် နောင်လိုင်ကျေးရွာအနီးသို့ နေရာ ၂ နေရာမှ MNDAA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၇၀ ဦးခန့်က လက်နက်ကြီး/ငယ် ၊ Drop Bomb များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့။
-လားရှိုးမြို့၊ အောင်သစ္စာကျေးရွာ၊ စာသင်ကျောင်းသို့ MNDAA နှင့် အကြမ်းဖက်အင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည်ပစ်ခတ်ခဲ့။
-လားရှိုးမြို့ နယ်မြေခံတပ်ရင်းဌာနချုပ်သို့ နေရာ ၂ နေရာမှ MNDAA နှင့် အကြမ်း ဖက်ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က လက်နက်ကြီး/ငယ်၊ Drop Bomb များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက် ခိုက်ခဲ့။
-လားရှိုးတပ်နယ်သို့ MNDAA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်ကွင်းခြံစည်းရိုးအပြင်ဘက်တွင် ၈ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့။
နှစ်ဖက် တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိ။ #Crd