နှလုံးစိတ်ဝမ်းအေးချမ်းဖွယ် မြင်ကွင်းပုံရိပ်များ

ဒီနေ့ ၂၀၂၄ ခုနှစ် ၊ ‌ဇူလိုင်လ ၂၀ ရက်တွင် ကျရာက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့ နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားကိုးကွယ်ပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ကြသည့် ဘုရားဖူးပြည်သူများ၏ နှလုံးစိတ်ဝမ်းအေးချမ်းဖွယ် မြင်ကွင်းပုံရိပ်များပဲ ဖြစ်ပါတယ်။