ပခုက္ကူ အောင်သာကျေးရွာအတွင်းသို့ PDF များက လက်နက်ကြီး၊ လက်နက် ငယ်များ၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်

PDF အကြမ်းဖက်သမားများသည် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ပခုက္ကူမြို့ အောင်သာကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက် ငယ်များ၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မူလတန်း ကျောင်းအုပ် ဆရာမကြီးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးပြီး ဆရာမ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။