ဇူလိုင်လ ၁၆ ရက်နေ့၊ မနက် ၉ နာရီခန့်က လေဆိပ်ဘေးရှိ တောအုပ်အတွင်း၌ ပေါက်ကွဲသံကြားရ၍ သွားရောက်စစ်ဆေးရာ ကြံခင်းအတွင်းတွင် ရှော့တိုက်ဒုံး ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။
ဒုံးသီးကျရောက်ပုံ အနေအထားကိုကြည့်၍ ပစ်ခတ်နိုင်သော နေရာများအား ထပ်မံရှင်းလင်းရာ အောင်စေတနာရွာအနီးရှိ ကြံခင်းတစ်ခုအတွင်းတွင် ရှော့တိုက်ဒုံးပစ်စင် ၇ ခု၊ မပစ်ရသေးသည့် ရှော့တိုက်ဒုံး ၃ လုံး၊ ပစ်ခတ်ပြီး ဒုံးသီးခွံ ၄ ခုအား တွေ့ရှိသိမ်းဆည်းရမိပြီး ဒုံးပစ်ခတ်သူ ၂ ဦးအား ဖမ်းဆီးရမိ၍ ဆက်စပ် တရားခံများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းအတုတွေ ဖန်တီးပြီး အလှူခံ(ခွက်ခေါက်)လို့ရအောင် ပြည်ဖျက်မီဒီယာတွေက စစ်သား ၁၆ ဦးသေ တယ်၊ လေယာဉ်တွေ ထိတယ်၊ အဆောက်အဦတွေ ထိခိုက်ပျက်စီးတယ်ဆိုပြီး ဝါဒဖြန့်နေသော်လည်း မြေပြင်အမှန်မှာကား လူနှင့် အဆောက် အဦ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရပါတယ်။ #Crd