ရွာငံအကြမ်းဖက်သင်တန်းစခန်းအား ရှင်းလင်း

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရွာငံမြို့နယ် မြအေးတီကျေးရွာအနီး အကြမ်းဖက်အဖွဲ့များ၏ သင်တန်းဖွင့်လှစ်သည့်စခန်းအား ဇူလိုင်လ ၁၅ ရက်နေ့တွင်ရှင်းလင်းခဲ့ရာ သင်တန်းဖွင့်လှစ်သည့် စခန်းနေရာမှ မိုးကာတဲကြီး/သေး(၉)လုံး၊ စားချက်/ စာသင် ခန်းမ (၂၀x၈ပေ)(၁)ခု၊  ဂါလံ ၂၀၀ ဆံ့ ယာယီရေလှောင်ကန် (၃)လုံး၊ တန်းစီ ကွင်း(၃၀ x ၁၀ ပေ) ၁ ခု၊  M-21(ဒင်မပါ) ၁ လက်၊ လေ့ကျင့်ရေးလက်လုပ်သေနတ် (သစ်သား) ၃၃ လက်၊ လက်လုပ်လေသေနတ် ၁ လက်၊ လေ့ကျင့်ရေးလက်လုပ်မိုင်း ၂၂ လုံး၊ ဆေးရုံသုံးဝတ်စုံ ၁၄၉ ထည်၊ အကြမ်းဖက်အဖွဲ့အသုံးပြုသည့် အလံကြီး/ သေး(၁၀) ထည်နှင့် အခြားဆက်စပ်ပစ္စည်းတို့အား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ #Crd