ဇူလိုင် ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)
ကျောက်မဲမြို့၊ ရန်အောင်မြင်ဘုရားကုန်းသို့ TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။
Type-81 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့် သိမ်းဆည်းရမိခဲ့။
ကယားပြည်နယ်
လွိုင်ကော်မြို့ GTC ကျောင်းသို့ KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအဖွဲ့(စိစစ်ဆဲ) က စနိုက်ပါဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက်များခိုအောင်းလှုပ်ရှား မှုမရှိစေရေး နယ်မြေရှင်းလင်းစဉ် GTC ၏ အနောက်ဘက်မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။
အေကေကျည် ၃၇ တောင့်၊ ကျောပိုးအိတ် ၂ လုံး သိမ်းဆည်းရမိခဲ့။
မိုးဗြဲမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မြို့၏ မြောက်ဘက်မီတာ ၆၀၀ အကွာသို့အရောက် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။
အေကေကျည်အိမ် ၁ ခု၊ ကျည် ၁၀ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည် သိမ်းဆည်းရမိခဲ့။
မွန်ပြည်နယ်
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် စခန်းကြီးကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၄၀၀ ခန့်အကွာသို့အရောက် အကြမ်းဖက် ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
အကြမ်းဖက် ၂ လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၆ တောင့် သိမ်းဆည်းရမိခဲ့။
မန္တလေးတိုင်း
မြင်းခြံမြို့နယ် ကျောက်ကန်ကျေးရွာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် PDF အကြမ်း ဖက် ၄၀ ဦးခန့်လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်း ဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးစဉ် ကျောက်ကန်ကျေးရွာရှိ နေအိမ် ၂၆၈ လုံး အနက် ၁၈၀ လုံးအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် အသက် ၁၈ နှစ်အရွယ် အရပ်သားတစ်ဦး စိုးရိမ်ရ ဒဏ်ရာရခဲ့။
မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်း ဖက်အင်အား ၆၀ ဦးခန့်လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိ။
အကြမ်းဖက် ၂ လောင်း၊ အမ်(၂၂) ၁ လက်၊ အမ်အေ(၁) ၁ လက် သိမ်းဆည်းရမိခဲ့။