မင်္ဂလာရှိသော နံနက်ခင်းလေးပါ

နှစ်သစ်ချိန်ခါ ပြည်မြန်မာ မင်္ဂလာရှိပါစေ—💚

နံနက်နေထွက် ဘုန်းကံတက် အစွမ်း
ထက်မြက်ကြပါစေ—

နှစ်သစ်နံနက် စည်းစိမ်တက် သုခ
မင်္ဂလာပြည့်ပါစေ—

ဂုဏ်ရောင်ထွန်းတောက် သိဒ္ဓိပေါက်
ဝမ်းမြောက်ဝမ်းသာရှိပါစေ—

ကျက်သရေတန်ခိုးနေ့စဉ်တိုး စည်းစိမ်
ဖွံ့ဖြိုးကြပါစေ—

အများသူငါ စိတ်ချမ်းသာ လိုရာဆန္ဒ
ပြည့်ပါစေ—

နှစ်သစ်ခါဦး မေတ္တာကူး ကြည်နူး
ချမ်းမြေ့ကြပါစေ—

တစ်ဦးနှင့်တစ်ဦး မေတ္တာကူး ကြည့်နူး
ချမ်းမြေ့ကြပါစေ—
(မသူတော်ရန် ပယ်တွန်းလှန် မြန်မြန်
အေးချမ်းကြပါစေ—)

ရောဂါကပ်ဘေး ကင်စင်ဝေးငြိမ်းအေး
ချမ်းသာကြပါစေ—

သုံးဖြာကပ်ဘေး ကင်းစင်ဝေးငြိမ်းအေး
ချမ်းသာကြပါစေ—

နှစ်သစ်မြန်မာ သာသနာ ကမ္ဘာမြေအနှံ့
ပြန့်ပါစေ—

ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက်
လင်းပါစေ—

နှစ်သစ်ခါကောင်း မေတ္တာလောင်း
ဆုတောင်းမှန်စွာပြည့်ကြပါစေခင်ဗျာ-

မေတ္တာဖြင့်

မောင်မောင်အောင်

❤️🙏🙏🙏❤️