ဒေါက်တာညွန့်ဖေ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများသို သွားရောက်ကြည့်ရှု

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲဝင်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို ပညာရေးဒီဂရီကောလိပ်သိုရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသားသင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး ပညာရေးကောင်းမွန်မှသာ နိုင်ငံတော်ဖွံဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကောင်းမွန်ရန် သင်တန်းသား သင်တန်းသူများသည် အဓိကနေရာမှ ပါဝင်ဆောင်ရွက်ကြရမည့် ဆရာ ဆရာမလောင်းများ ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို လိမ္မာယဉ်ကျေးပြီး နိုင်ငံတော်ကို ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိရန်နှင့် ယဉ်ကျေးမှုဓလေ့များကို တန်ဖိုးထားတတ်စေရန် သင်ကြားပေးရ မည်ဖြစ်ကြောင်း၊ ဆရာ ဆရာမအလုပ်သည် စေတနာပရဟိတ အလုပ်ဖြစ်သည့်အတွက် စေတနာထားပြီး သင်ကြားပေးစေလိုပါကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြောင်းမြမြိုနယ် သိလ္လာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ရေတွင်းရေကန်ကျေးရွာ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းတိုသို ရောက်ရှိကြပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး KG တန်း၊ မူလတန်းနှင့် အလယ်တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်များ၊ ဗလာစာအုပ်များ၊ ကျောင်းသုံးစာရေးကိရိယာများပေးအပ်ခဲ့ကာ
မြောင်းမြမြို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ၌ မြောင်းမြမြိုရှိ မြိုနယ်ပညာရေးမှူး၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံကာ ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းဆောင်များ ဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံရာတွင် လေလွင့်ဆုံးရှုးမှုမရှိစေရန်စနစ်တကျ ကြီးကြပ်ရေး၊ ကျောင်းများ၌ ရေသန့်စက်နှင့် ရေလုံလောက်မှုရှိစေရေး၊ သန့်စင်ခန်းများ လုံလောက်မှုရှိစေရေး၊ ကျောင်း ပတ်ဝန်းကျင်လုံခြုံစေရန်ခြံစည်းရိုးများ စနစ်တကျကာရံရေးတိုကို မှာကြားကာ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မြောင်းမြမြို ဘုရားချောင်း အခြေခံပညာ မူလတန်း(လွန်)ကျောင်းသို ရောက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေး၍ KG တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်များ ပေးအပ်ခဲ့ကြောင်း သိရပါတယ်