မော်လိုက်မြို့နယ်အတွင်းရှိ   ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေ မြင့်တက်ကာ ခန္တီးမြို့နယ်နှင့် မော်လိုက်မြို့နယ်တို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။