ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ရေးခရိုင် ၊ ရေးမြို့ ၊ ရန်မျိုးအောင်ရပ်ကွက် ၊ အမှတ်( ၁ )အခြေခံပညာအထက်တန်းကျောင်း ၊ ပညာ့ဗိမာန်ခန်းမ ၌ ကျင်းပပြုလုပ်သော ” ရေးမြို့နယ်အတွင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ” သို့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ( ရေးတပ်နယ်မှူး ) ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ မှ အဖွဲ့ဝင်များ ၊ဆရာ၊ဆရာမများ ၊ ကျောင်းသား/သူများ ၊ စုစုပေါင်းအင်အား( ၂၅၀ )ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်မိသားစု မှ ပေးပို့လှူဒါန်းသော” လူထုသိပ္ပံကျမ်း၊အတွဲ(၁)၊(၂)၊(၃)”အပါအဝင်သုတ၊ရသ စာအုပ်၊စာစောင်များပေးအပ်လှူဒါန်းခြင်း ၊ ကျောင်းသား/သူများမှ ထာဝရမြန်မာ ၊ မွန်လူငယ်နေ့ စသည့်သီချင်းများဖြင့်လည်းကောင်း ၊ ကရင်တိုင်းရင်းသားရိုးရာအကဖြင့်လည်းကောင်း သီဆို ၊ ကပြ ဖျော်ဖြေခြင်း၊”ပညာဘဏ်တိုက်စာကြည့်တိုက်ကိုသွားကြစို့”ခေါင်းစဉ်ဖြင့် မူလတန်းအဆင့်”ကဗျာရွတ်ဆိုပြိုင်ပွဲ”တွင် ဆုရရှိခဲ့ကြသော ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း၊”ကဗျာပြိုင်ပွဲတွင်ဆုရရှိသူ(၁)ဦး မှပြန်လည်ရွတ်ဆိုတင်ဆက်ခြင်း၊”ပညာဟူသည်မြတ်ရွှေအိုး”ခေါင်းစဉ်ဖြင့်အလယ်တန်းအဆင့်”ပန်းချီပြိုင်ပွဲ “တွင်ဆုရရှိခဲ့ကြသောကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း၊အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါတယ်။