ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ဇူလိုင် ၂ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး တနိုင်းမြို့အတွင်းရှိ ရပ်ကွက်များအတွင်းသို မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ ယခုအခါမြစ်ရေပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် တနိုင်းမြို၊ ဆင်ဆာ့ကောင်းရပ်ကွက်ရှိ ဇေယျာသီရိပရိယတ္တိစာသင်တိုက်၌ ယမန်နေ့က နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲဝင်များနှင့် ဌာနဆိုင်ရာများ စုပေါင်း၍စာသင်တိုက်အတွင်းရှိ စေတီပုထိုးများ၊ ကျောင်းဆောင်များအတွင်း ကျန်ရှိနေသော နှုးများ၊ သဲများနှင့် အမှိက်များရှင်းလင်းခြင်း၊ ရေမြောင်းများ တူးဖော်ပေးခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်ရှင်
Related Posts
မင်္ဂလာရှိသော နံနက်ခင်းလေးပါ
- admin
- July 12, 2024
သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ၍၊ လိုရာဆန္ဒ၊ အစဥ်ပြည့်ဝ မင်္ဂလာရှိသော နေ့သစ် ဖြစ်ကြပါစေ🙏🙏🙏
မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေ
- admin
- October 30, 2024
ရန်လည်းကင်းဝေး ဘေးလည်းမခ ချမ်းသာရ၍ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံသောနေ့သစ်ဖြစ်ကြပါစေ🙏🙏🙏
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေ အစည်းအဝေးကျင်းပ
- ရှင်ယွန်း
- October 11, 2023
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ် အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် […]