ဇွန်လ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့်တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ နေရာအချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သောင်းကျန်းသူများထိတွေ့မှုများဖြစ်ပွားခဲ့ပြီး PDF အပါအဝင် လက်နက်ကိုင် သောင်းကျန်းသူ သေဆုံး ၁၀၆ ဦးနှင့် လက်ရဖမ်းဆီးရမိ ၇၉ ဦး ရှိကြောင်း သိရပါတယ်။
ယခုတစ်ပတ်အတွင်း၌ သံတွဲ၊ မောင်တော၊ မတူပီ၊ ကျောက်မဲ၊ နောင်ချို တိုက်ပွဲကြီးများတွင် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ Drone Team အဖွဲ့များ၏ တိုက် ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ကျဆုံးမှု များပြားသော်လည်း ၎င်းတိုမှ အလောင်းကောက်အဖွဲ့များဖြင့် ပြန်လည်သယ်ဆောင်သွားခြင်း၊ မိမိတပ်များမှ မြေပြင်တွင် နယ်မြေရှင်းလင်းမှု အပြည့်အဝ မလုပ်နိုင်ခြင်းကြောင့် ရန်သူ့အလောင်းလက်နက်ရရှိမှု အထောက်အထား ဓာတ်ပုံများ မရရှိခဲ့သဖြင့် ထည့်သွင်း ဖော်ပြထားခြင်းမရှိပါ။
#Crd
