မြစ်ကြီးနား၌ ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ကူညီပေးလျက်ရှိ

မြစ်ကြီးနားမြို၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်း၍ အလျင်အမြန်ဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ကြီးနားမြို့ပေါ်၌ ရေဘေးရှောင်စခန်း (၃၀)ခုဖွင့်လှစ် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရသည်။