မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် စစ်မှုထမ်းဆောင်ရန်အတွက် ရပ်ကွက် တစ်ခုလျှင် လူ ၃၀ တောင်းခံနေကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှား များကို ပြည်သူများအထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မန္တလေးမြို့ရှိ ရပ်ကွက်တစ်ခုလျှင် လူ ၃၀ တောင်းခံသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက် ပြီး တာဝန်ရှိသူများအနေဖြင့် အတည်ပြုပြဋ္ဌာန်းထားသည့် ဥပဒေများအတိုင်းသာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေ့မှစ၍ တရားမဝင်ပြည်ဖျက် မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက လူမှုကွန်ရက်တွင် မဟုတ်မမှန် လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။