တားမြစ်ခံထားရတဲ့ နျူကလီးယားစွမ်းရည်ရှိတဲ့ ဒုံးကျည်တွေ ထုတ်လုပ်မှုကို ရုရှား ပြန်လည်စတင်တော့မယ်

မေရိကန်နိုင်ငံက ဥရောပနဲ့အာရှတို့မှာ နျူကလီးယားစွမ်းရည်ရှိတဲ့ မြေပြင်အခြေ စိုက်ဒုံးကျည်တွေ ဖြန့်ကျက်ချထားခဲ့တာကြောင့် ရုရှားနိုင်ငံက နျူကလီးယားစွမ်းရည်ရှိတဲ့ တာတိုနဲ့ တာလတ်ပစ် မြေပြင်အခြေစိုက်ဒုံးကျည်တွေ ထုတ်လုပ်မှုကို ပြန်လည်စတင်တော့မယ်လို့ ရုရှားသမ္မတပူတင်က ဇွန်လ(၂၈)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ရုရှားနဲ့ချုပ်ဆိုထားတဲ့ 1987 Intermediate-range Nuclear Forces (INF) စာချုပ်ကနေ ၂၀၁၉ ခုနှစ်မှာ တရားဝင်နှုတ်ထွက်ခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်က ရုရှားဟာ စာချုပ်ပါသဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တယ်လို စွပ်စွဲပြောဆိုခဲ့သော်လည်း အမေရိကန်စွပ်စွဲပြောဆိုချက်တွေကို ရုရှားအစိုးရက ငြင်းဆန်ပယ်ချခဲ့တယ်လိုလည်း သိရပါတယ်။ #Crd