ဇွန်လ ၁၅ ရက်တွင် သပိတ်ကျင်းမြို့နယ် မန္တလေး-မိုးကုတ်သွားကားလမ်း၊ သရက်ချောင်းကျေးရွာနှင့် ချောင်းကြီးကျေးရွာကြား၌ မိုင်းပေါက်ကွဲသံကြားရသဖြင့် လုံခြုံရေးတပ်ဖွဲများက သွားရောက်စစ်ဆေးခဲ့ရာ အရှည် ၂၀ ပေ၊ အကျယ် ၁၀ ပေ သံကူကွန်ကရစ်တံတားအား အကြမ်းဖက်များက မိုင်းခွဲဖျက်ဆီးထားကြောင်း တွေ့ရှိရပြီး တံတားကြမ်းခင်း ၂ ပေ ပတ်လည်ခန့် ၄ နေရာ ပျက်စီးခဲ့ရ။
အဆိုပါပျက်စီးမှုကြောင့် လူ/ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာနိုင်ကြောင်းနှင့် လမ်း/တံတား ဆောက်လုပ်ရေးအဖွဲ့များနှင့် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ #Crd