ကျောက်မဲ
နံနက်ပိုင်း
ကျောက်မဲမြို့နယ်အတွင်းရှိ ငြိမ်းချမ်းရေးကုန်းသို့ TNLA/PDF အင်အား ၆၀ ဦးခန့်ဖြင့် (၁)ကြိမ်၊ အင်အား ၅၀ ဦးခန့်ဖြင့် (၁)ကြိမ်၊ Drone၊ လက်နက်ကြီး/ငယ်များဖြင့် ၂ ကြိမ်လာရောက် တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်နေ။
နံနက်ပိုင်း
ကျောက်မဲမြို့နယ်အတွင်းရှိ တပ်ဌာနချုပ်တစ်ခုအား ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် အဝေးမှ နှောင့်ယှက်ပစ်ခတ်။ အလားတူ အခြားတပ်ဌာနချုပ်နေရာ ၂ ခုသို့လည်း TNLA/PDF အင်အား ၆၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်သံများထွက်ပေါ်။ (မိမိ ထိခိုက်မှုမရှိ)
နေ့လည်ပိုင်း
ကျောက်မဲမြို့နယ်အတွင်း တောင်နောက်ဘုန်းကြီးကျောင်းအနီးတွင် နယ်မြေရှင်းလင်း စစ်ကြောင်းနှင့် TNLA/PDF ၄ ဦးတို့ ပစ်ခတ်မှုဖြစ်ပွား။
TNLA ၂ လောင်း၊ M-22 ကျည်ပုံး ၄ ပုံး၊ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိ။
မွန်းလွဲပိုင်း
ကျောက်မဲမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား TNLA/PDF အင်အား ၃၀ ဦးတို့ လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့။
ညနေပိုင်း
ကျောက်မဲမြို့နယ်အတွင်းရှိ တပ်စခန်းတစ်ခုအား TNLA/PDF အင်အား ၉၀ ဦးခန့်က လာရောက်တိုက်ခိုက်၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့။
သီပေါ
ညဦးပိုင်း
သီပေါမြို့နယ်အတွင်းရှိ တပ်ရင်းဌာနချုပ်နေရာတစ်ခုအား TNLA သကသ အဖွဲ့က လက်နက်ကြီး ၃ လုံးဖြင့် အဝေးမှ နှောင့်ယှက်ပစ်ခတ်ခဲ့။ အလားတူ သီပေါတံတားဂိတ်အား TNLA/PDF အင်အား ၅၀ ဦးခန့်က ရှော့တိုက်ဒုံး ၅ လုံး ပစ်၍ လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။
အလားတူ ညပိုင်းအချိန်တွင် သီပေါမြို့နယ်၊ ကိုးမိုင်လမ်းခွဲရှိ လုံခြုံရေးအဖွဲ့အား TNLA/PDF အင်အား ၆၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။ မနက်ပိုင်းတွင် ကိုးမိုင်လမ်းခွဲအနီးရှိ ဆွပ်လန်း- ပန်ဆောက် သံကူကွန်ကရစ်တံတားအား TNLA သကသ အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့။
နောင်ချို
နံနက်ပိုင်း
နောင်ချိုမြို့နယ်အတွင်းရှိ တပ်ဌာနချုပ်နေရာနှစ်ခုအား TNLA သကသအဖွဲ့က Drop Bomb များဖြင့် နှောင့်ယှက်တိုက်ခိုက်ခဲ့။
နောင်ချိုမြို့နယ်၊ ခဲမွန်ရွာအနီးတွင် နယ်မြေရှင်းလင်း စစ်ကြောင်းနှင့် TNLA/PDF အင်အား ၁၄၀ ဦးတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွား။
နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းရွာအနီးတွင် လုံခြုံရေးအဖွဲ့အား အကြမ်းဖက်သမား ၁၂၀ ဦးခန့်က Drone၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။
အလားတူ နောင်ချိုမြို့နယ်၊ ဂန့်ဂေါရွာအနီးရှိ လုံခြုံရေးအဖွဲ့အား အကြမ်းဖက် သမား ၁၅၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။ လက်ရှိချိန်တွင် စစ်ကူစစ်ကြောင်းများ ရောက်ရှိ ပူးပေါင်းနေ။
ထို့နောက် နောင်ချိုမြို့နယ်၊ အုမ္မသီးလမ်းခွဲရှိ လုံခြုံရေးအဖွဲ့အား အကြမ်းဖက်သမား ၇၀ ဦးခန့်က လည်းကောင်း၊ သဲခေါတံတားသို့ အကြမ်းဖက်သမား ၅၀ ဦးခန့်က Drone၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။
မွန်းလွဲပိုင်း
နောင်ချိုမြို့အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းတစ်ခုနှင့် TNLA/PDF အင်အား ၃၀ ဦးတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့။ အလားတူ နယ်မြေရှင်းလင်းနေသည့် အခြားစစ်ကြောင်းတစ်ခုနှင့်လည်း ထပ်မံ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရ။
TNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဇွန် ၂၅ ရက်နေ့ တိုက်ပွဲများမဖြစ်မီကတည်းက အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်ချင်သောကြောင့် မိုးကုတ်နယ်မြေရှိ ၎င်းတို့စခန်းများအား တပ်မတော်မှ လေကြောင်းဗုံးကြဲသည်ဟု လုပ်ကြံသတင်းများ ဖြန့်ဝေခဲ့ပါသည်။
TNLA သကသ အဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့တွင် သီပေါ၊ နောင်ချို၊ ကျောက်မဲနယ်မြေများသို့ နယ်မြေကျော်လာပြီး အပစ်ရပ်သဘောတူညီချက်ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်၍ စတင်တိုက်ခိုက်ခဲ့ပါသည်။ မူမမှန်သည့်/ ကတိမတည်သည့် TNLA ၏ အကျင့်ကို သိရှိပြီးဖြစ်သော တပ်မတော်အနေဖြင့်လည်း ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ပြီး ယခုအချိန်အထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။ #Crd