ယာဉ် ကြောပိတ်ဆို့ မှုနှင့် ယာဉ်တိုက်မှုအန္တရာယ်များကို လျှော့ချနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ်(၃) ပေါ်မှ ကုန်တင်ယာဥ်ကြီးများ ဖြတ်သန်းသွားလာနိုင်မည့်အချိန်ကို သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် အဆိုပါ သန်လျင်တံတား အမှတ်(၃) ပေါ်မှ ခြောက်ဘီး၊ ရှစ်ဘီးကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့် ပြုထားသော်လည်း ၁၀ ဘီး၊ ၁၂ ဘီး ၊ ၁၄ ဘီး ၊ ၁၈ ဘီး၊ ၂၂ ဘီး စသည့်တွဲကားကြီးများကို အချိန်သတ်မှတ်ချက်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုရန် ညှိနှိင်းဆောင်ရွက်နေခြင်းဖြစ်သည်။
သန်လျင်တံတားသစ် အမှတ် (၃) ကို ဇွန် ၈ ရက်က စတင်ဖွင့်လှစ်ခဲ့ကာ ဇွန် ၁၆ ရက်မှစ၍ ယာဉ်အမျိုးအစားအလိုက် တံတားအသုံးပြုခများကိုလည်း ကောက်ခံနေပြီဖြစ်ကြောင်း သိရသည်။