ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံကျေးရွာ၊ အိမ်အမှတ် ဝကလ-၀၆၄ နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသား ကျား ၄ ဦးတို့အား လက်နက်ခဲယမ်းများ၊ ကျား၊ ခြင်္သေ့၊ ဝက်ဝံများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ နေရာအား သတင်းရရှိမှုနှင့်အတူ နယ်မြေခံလုံခြုံရေးအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ တရားမဝင် တရုတ်နိုင်ငံသားများဖြစ်သော ရှောက်ဟူ၊ လောင်ရောင်း၊ လောက်လျှိုး၊ အားဖိတ် တို့အား MK 12 တစ်လက်၊ MK 16 တစ်လက်၊ CZ 512 တစ်လက်၊ GLock -19 တစ်လက်၊ Sig Sauer တစ်လက် စသည်တို့အား ကျည်အိမ်များနှင့် ကျည်ဆံတို့အား လည်းကောင်းဆယ်သွယ်ရေး စကားပြောစက် ၈ လုံး၊ ကတ်တမင်း ၁၅၀ ဂရမ်ခန့်နှင့်အတူ ကျား ၁ ကောင်၊ ခြင်္သေ့ ၁ ကောင်၊ ဝက်ဝံ ၂ ကောင်အား သိမ်းဆီးရမိခဲ့ကြောင်းသိရှိရ။