ရုရှားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်တစ်ရပ်ကို ရုရှားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တိုက လက်မှတ် ရေးထိုးခဲ့ပါတယ်….
အဲဒီသဘောတူညီချက်အရ ရုရှားနဲ့ မြောက်ကိုရီးယားတိုအနေနဲ့ ပြည်ပမှ ကျူးကျော်ရန်စမှုနှင့် ကြုံတွေ့ပါက အပြန်အလှန်အကူအညီပေးမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့တယ်လိုသိရပါတယ်…
နှစ်နိုင်ငံခေါင်းဆောင်များရဲ့ ဆွေးနွေးပွဲမှာ-
ရုရှားနိုင်ငံအပေါ် အစဉ်တစိုက် ထောက်ခံလျက်ရှိတဲ့ မြောက်ကိုရီးယားနိုင်ငံအား ကျေးဇူးတင်ရှိကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့သလို..
ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်မြေစည်းလုံးမှုနှင့် လုံခြုံရေးအကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ဆင်နွှနေသည့် အထူးစစ်ဆင်ရေးမှာ ရုရှားအစိုးရ၊ တပ်မတော်နှင့် ရုရှားပြည်သူတိုအား အပြည့်အဝထောက်ခံကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်က တုံပြန်ပြောကြားခဲ့ကြောင်း သိရပါတယ်….
တတိယကမ္ဘာစစ်ဖြစ်ပွားဖို စစ်ရိပ်စစ်ငွေ့ သန်းနေတဲ့အချိန်မှာ နျူကလီးယားအင်အားကြီး နှစ်နိုင်ငံ အပြန်အလှန် အကူအညီပေးရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းအပေါ် အမေရိကန်နဲ့ နေတိုး အုပ်စုက စိုးရိမ်ပူပန်လျက်ရှိနေပါတယ်..
အထူးသဖြင့် အမေရိကန်ရဲ့ ပိတ်ဆိုမှုကို အာခံနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ရဲ့ လက်နက်စမ်းသပ်ပစ်ခတ်မှုများဟာ တောင်ကိုရီးယားကျွန်းဆွယ်ကိုသာမက အမေရိကန်ကိုပါ တိုက်ရိုက် ခြိမ်းခြောက်လျက်ရှိနေတဲ့အတွက် ယခုလို အမေရိကန်ရဲ့ မဟာရန်သူတော် ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ကမ္ဘာ့နိုင်ငံများက စိုးရိမ်ပူပန်စွာ စောင့်ကြည့်လျက်ရှိနေကြပါတယ်။ #Crd