ကမ္ဘာရွှေဈေးက ဒေါ်လာနဲ့ အရောင်းအဝယ်လုပ်တာဆိုတော့ ကမ္ဘာရွှေဈေးတက်ရင် မြန်မာပြည်က ရွှေဈေးလိုက်တက်တယ် ။ ဒါက နည်းလမ်းကျတယ်၊ ဖြစ်သင့်တယ်။ ဒါပေမယ့် ကမ္ဘာရွှေဈေးကျချိန်မှာ မြန်မာပြည်က ရွှေဈေးကကျ မကျဘူး။ ဘာလို မကျတာလဲ၊ စဉ်းစားကြည့်ပေါ့။
လက်ရှိ အချိန်မှာ ကောလာဟလ၊ သတင်းတု/ သတင်းမှားတွေနဲ့ online ပေါ်မှာ ဖြစ်ချင်တိုင်း ဖြစ်နေတာ။ ဥပမာ သင်ဟာ ဈေးဝယ်သူဆိုပါဆို၊ ဈေးရောင်းသူက သူပစ္စည်းကို စိတ်ထဲရှိတဲ့ အတိုင်း ရောင်းချင်တဲ့ ဈေးနဲ့ တင်ရောင်းတာကို သင်က လက်ခံနိုင်လိုလား။
ပြောစရာတစ်ခုတော့ရှိလိမ့်မယ် သူပစ္စည်းသူရောင်းချင်တဲ့ ဈေးနဲ့ ရောင်းမှာပေါ့လို ပြောကြလိမ့်မယ်။ ဒါပေမယ့် လုပ်ချင်တိုင်း လုပ်လိုမရတာရှိတယ်။ အစိုးရအနေနဲ့လည်း ပြည်သူအများ ထိခိုက်လာမယ့် ဘယ်အရာမဆို ဒီအတိုင်း ကြည့်နေမှာမဟုတ်ဘူး။ဒီအတိုင်း လွတ်ပေးထားမှာ မဟုတ်ဘူး။ ဒါကြောင့်လည်း ကုန်ဈေးနှုန်း ထိန်းချုပ်ရေး အဖွဲတို ဘာတို ဆိုတာ ဒီအတိုင်း ထားထားတာမှ မဟုတ်တာ။ သူဟာနဲ့သူ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိပြီးသား။ လုပ်ချင်တိုင်း လုပ်ခွင့်ပေးရအောင်လည်း သာလာယံ ဇရပ်မှမဟုတ်တာ။
#CRD_တပ်ကြပ်ကြီးဖိုးစီ