ရေစက် နှင့် ဝဋ်ကြွေး
ဘဝမှာ ….ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ
သံသရာအဆက်ဆက်က ပါလာတဲ့
ရှေးရေစက်ကြောင့်ပါ ….။
တချိုက ….
ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
ပြန်ယူဖိုအကြောင်းနဲ့ ဆုံလာကြတာ …။
တချိုကတော့ ….
ကိုယ့်ဆီကနေ ကြွေးသစ်ယူသွားကြတဲ့
သူတွေလဲ ရှိမှာပေါ့လေ …။
ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့
ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို ပေါင်းသင်းကြရတာ
အကြောင်းရှိလို ပေါင်းမိ ကြရတာပါပဲ …။
ကိုယ်က ကောင်းပါရဲ့နဲ့ ….
ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ၊
စော်ကားတာကို ခံရတဲ့အခါ၊
ငြိုငြင်တာကို ခံရတဲ့အခါ၊
အထင်လွဲတာကို ခံရတဲ့အခါ၊
သစ္စာဖောက်တာကို ခံရတဲ့အခါ
ဒီလိုလေး နှလုံးသွင်းလိုက်ပါ ….။
ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ ….
တစ်ခုပြီး တစ်ခု ကျေသွားတယ် လိုပဲ
သဘောထားလိုက်ပါ ….။
ခံရတဲ့သူကအဟောင်းခံရတာပါ
လုပ်တဲ့သူကသာအသစ်လုပ်နေတာပါ
များများပေးဆပ်ရရင်
မြန်မြန်ကျေတာပေါ့ လို
သဘောထားပြီး
အခြေအနေ တချိုကို
ကျေနပ် လက်ခံလိုက်ပါ ….။
ကိုယ့်ရဲ့ အတ္တကို
ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး….
ဘယ်သူ့ကိုမှ
တင်းတင်းကြပ်ကြပ် မနှောင်ဖွဲတော့ဘဲ
ဖြစ်လွယ် ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်….
အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို
မျှော်လင့်မိပါတယ် …..။
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး
🙏ဒေါက်တာအရှင်နန္ဒမာလာဘိဝံ🙏
