မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ ၈၄×၃၄ လမ်းထောင့်ရှိ ဇွဲထက်ရွှေဆိုင်(၄)၌ ဇွန်လ ၁၂ ရက်နေ့တွင် အမျိုးသား ၂ ဦးသည် CZI-125 ဆိုင်ကယ်ဖြင့် ၃၄ လမ်းအတိုင်း အရှေ့မှ အနောက်သို့မောင်းနှင်လာပြီး ၃၄×၈၄ လမ်းထောင့်အရောက်တွင် ဆိုင်ကယ်ပေါ် နောက်ထိုင် လိုက်ပါလာသူမှ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ဇွဲထက်ရွှေဆိုင် မျက်နှာစာသို့ ကျရောက်ပေါက်ကွဲခဲ့ပါသည်။
အဆိုပါလက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် Yinanbo အမျိုးစား 125 အနက်ရောင်ဆိုင်ကယ်နှင့် ဆိုင်ကလုန်း အနက်ရောင် ဆိုင်ကယ်တို့မှာ အနည်းငယ် ပျက်စီးခဲ့ပြီး ရွှေဆိုင်ဝန်ထမ်းများဖြစ်ကြသည့် မကြယ်စင်ဝင်းလဲ့အောင်၊ ရှိုင်းမင်းဦး၊ ထွန်းထွန်းအောင်၊ သန်းထိုက်၊ ကိုကိုနောင်တို့တွင် ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရပါတယ်။

