ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီး တာဂရရွာနှင့် ခါရှီးရွာအဝင် လမ်းဆုံအနီးမှာရှိတဲ့ KIA များ ယာယီခြေကုပ်စခန်းလုပ်ထားတဲ့ သဲအိတ်ဘန်ကာ ၂ ခုကို တပ်မတော်ဒုံးတပ်ဖွဲက Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့။
ဗန်းမော်မြိုနယ်တစ်ဝိုက်လုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၂ နေရာမှ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်က ၁ ကြိမ်၊ အင်အား ၁၀၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်လာသဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။
KIA ၃ လောင်း၊ ဘီဇူကာ ၁ လက်၊ အမ်(၂၂) ၂ လက်၊ ဘီဇူကာဒုံးသီး ၂ တောင့်၊ ကျည်အိမ် ၃ ခု၊ ကျည် ၇၂ တောင့် သိမ်းဆည်းရမိခဲ့။
မိမိဘက်မှ စစ်သည် ၃ ဦး ဒဏ်ရာရ။
မြစ်ကြီးနားမြိုနယ်တစ်ဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် မြို၏ အနောက် တောင် ဘက်မီတာ ၁၆၀၀၀ ခန့်အကွာသိုအရောက် KIA နှင့် အကြမ်းဖက်ပူးပေါင်း အင်အား ၄၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
KIA အဖွဲအနေဖြင့် ဝိုင်းမော်မြိုအား ဝိုင်းပတ်ပိတ်ဆိုတိုက်ခိုက်ရန် အင်အားစုစည်းနေသလို မြစ်ကြီးနားမြိုရှိ တပ်စခန်းများကိုလည်း အဝေးမှ လက်နက်ကြီးများဖြင့် ပရမ်းပတာ ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ လူနေရပ်ကွက်များအတွင်းသို မကြာခဏကျရောက်ပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိသဖြင့် လခရတပ်ဖွဲဝင်များက မြစ်ကြီးနား မြိုဝန်းကျင် ရန်သူခိုအောင်းနိုင်သော နေရာများသို လိုက်လံရှင်းလင်းနေလို တွေ့ဆုံတိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါတယ်…
ယခုဖြစ်စဥ်တွင် မိမိထိခိုက်မှုမရှိဘဲ ရန်သူထံမှ..KIA ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့။
ကရင်ပြည်နယ်
ဝေါလေမြိုနယ် ထိကပလာခြေကုပ်သို နေရာ ၂ နေရာမှ KNU အထူးရင်း(၁၀၃) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၃၀ ဦးခန့်က Drone ၁ စီး Bomb ၂ လုံး၊ လက်နက်ကြီး/ငယ်များနှင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့ ဒရုန်းတစ်စီး ပြုတ်ကျ သိမ်းဆည်းရမိ။
ကော့ကရိတ်မြိုနယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အတွင်းကွင်းကလေးရွာ ၏ အနောက်မြောက်ဘက်မီတာ ၄၂၀၀ ခန့်အကွာသိုအရောက် KNLA တပ်မဟာ(၆) ၊ ရင်း(၂၇) နှင့်အကြမ်းဖက်ပူးပေါင်းအင်အား ၄၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
တဲ ၁၁ လုံး၊ ပစ်ကျင်း ၂၂ ကျင်း ၊ ပြောက်ကျားယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိခဲ့။
ရခိုင်ပြည်နယ်
အမ်းမြိုနယ် ကဇူးကိုင်းကျေးရွာရှိ ပွိင့်ကုန်းသို နေရာ ၂ နေရာမှ AA သောင်းကျန်းသူ အင်အား ၁၀၀ ဦးခန့်ကလည်းကောင်း၊ Drone ၄ စီး၊ Bomb ၁၆ လုံး ဖြုတ်ချ တိုက်ခိုက်ခဲ့ပြီး ကာကင်းစခန်းကုန်းကို အတင်းဝင်ရောက်တိုက်ခိုက်လာခဲ့ရာ မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
AA ၂၃ လောင်း၊ လက်နက် ၁၆ လက် သိမ်းဆည်းရမိခဲ့။
ချင်းပြည်နယ်
တီးတိန်မြိုနယ်အတွင်း နယ်မြေရှင်းလင်းစဉ် ဖိုင်လင်ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၂၀၀ ခန့်အကွာသိုအရောက် အကြမ်းဖက်အင်အား ၂၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
အကြမ်းဖက် ၇ လောင်း၊ လက်နက် ၆ လက် ၊ ကျည် ၂၆၁ တောင့်၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ လက်လုပ်မိုင်းမျိုးစုံ ၃၀ လုံး သိမ်းဆည်းရမိခဲ့။
ပဲခူးတိုင်း
ကြိုပင်ကောက်မြိုနယ်အတွင်း နယ်မြေရှင်းလင်းစဉ် ချောင်းဇောက်ကျေးရွာ အရှေ့မြောက်ဘက်သိုအရောက် အကြမ်းဖက်အင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ အရှေ့ဘက်သို ဆုတ်ခွာသွားခဲ့။
အကြမ်းဖက်အလောင်း ၁ လောင်း၊ တဲ ၆ လုံး သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်ရှင်းလင်းစဉ် ချောင်းဇောက်ကျေးရွာအရှေ့မြောက်ဘက်သိုအရောက် အကြမ်းဖက်များ နေထိုင်ခဲ့သည့် တန်းစီကွင်း ၁ ကွင်း၊ တဲ ၇ လုံး၊ ပစ်ကျင်း ၁ ကျင်း တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်…
#တိုက်ပွဲသတင်းစုံ