မြန်မာနိုင်ငံသို့ တရုတ်အစိုးရမှ ကင်းလှည့်ရေယာဉ် ၆ စီးလွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံအစိုးရက ကူညီထောက်ပံ့သော ကင်းလှည့်ရေယာဉ် (၆) စီးကို ယနေ့ ဇွန်လ ၁၁ ရက်တွင် ရန်ကုန်မြို့၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံအစိုးရက တရုတ်နိုင်ငံထံသို့ တရားဝင် အဆိုပြုခဲ့ပြီး နှစ်ဦးနှစ်ဖက်က ၂ဝ၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အဆိုပါ စီမံကိန်း၏ လဲလှယ်မှု စာလွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ အဆိုပါ ကင်းလှည့်ရေယာဉ်များသည် မြန်မာနိုင်ငံက ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ရေအရင်းအမြစ် ကာကွယ်အသုံးချမှု လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ရန် ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံက ယခုအကြိမ် ကင်းလှည့်ရေယာဉ်လွှဲပြောင်းခြင်းမှအစပြု၍ တရားဥပဒေစိုးမိုးမှုစွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက် ရှိုင်းစေပြီး လောင်းကစား၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါး စသည့် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ် နက်ရှိုင်းစွာတိုက်ဖျက်သွားကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ခြင်းအား တက်ကြွစွာ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ၏ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#𝙈𝙃𝙏𝙉𝙀𝙒𝙎