၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှု ၅၇.၉၀ ရာခိုင်နှုန်းရှိ

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ယနေ့(ဇွန် ၁၁ ရက်)နံနက်အစောပိုင်းက ကြေညာခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

အဆိုပါ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူပေါင်း ၁၂၈,၈၂၀ ဦးရှိပြီး အောင်မြင်သူပေါင်း ၇၄,၅၉၂ ဦးရှိသည့်အတွက် အောင်မြင်မှုရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ယင်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသူအဖြစ် ကပက(EC)တာမွေမှ မောင်မင်းခန့်ဗိုလ်က အမှတ်ပေါင်း ၅၅၇ မှတ်ဖြင့်ရရှိခဲ့တယ်လို့လည်းသိရပါတယ်။