( ပုံရရှိ၍ ထပ်မံဖော်ပြလိုက်ပါသည်)
ဇွန်လ ၆ ရက်နေ့ နေ့လည်ပိုင်းက နေအိမ်တစ်အိမ်အား MNDAA အဖွဲ့မှ လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်ထားသည့် ကျား ၄ ဦးခန့် ရောက်ရှိလာပြီး အသက် ၂၇ နှစ်ခန့် လူငယ်တစ်ဦးအား ဖမ်းဆီးခံခဲ့ရပြီး ပြန်ပေးဆွဲ ငွေးတောင်းခံခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လာရှိုးမြို့ ရပ်ကွက်(၇) ရှိ နေအိမ်တစ်ခုသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ တရားခံ ကျား ၄ ဦးအား
လက်နက် -၃ လက်၊
ကျည်အိမ် -၃ ခု
ကျည် -၁၈ တောင့်
လွယ်ကြိုး -၂ ချောင်း
လိုင်စင်မဲ့ယာဉ် -၂ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ဆက်လက်အရေးယူလျက်ရှိကြောင်း သိရပါတယ်။
#တိုက်ပွဲသတင်းစုံ
