ဖာပွန်စစ်ဘေးရှောင်များကို KNU က ချုပ်နှောင်ဖမ်းဆီးထားပြီး သတင်းအမှောင်ချထား

ဖာပွန်မြို့နယ် တိုက်ပွဲများကြောင့် အိုးပစ်အိမ်ပစ်အသက်လွတ်ထွက်ပြေးလာသူများကို KNU တပ်မဟာ (၅)က လမ်းတွင်ဖမ်းပြီး ”တာဟုလော်ရွာ’ တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရပြီး ဖမ်းဆီးခံရသူများမှာ ဖာပွန်မြို့နယ် ရပ်ကွက် (၂)၊ မဲသလွတ်၊ ဝှေနှောင်၊ ရှမ်းကိုင်း၊ တံခွန်တိုင်နှင့် ဝှေမှုန်ရွာများမှ ဒေသခံများဖြစ်ပြီး အမျိုးသမီး ကလေးသူငယ် သက်ကြီးရွယ်အိုများ အပါအဝင် လူပေါင်း ၇၀ ကျော်ရှိကြောင်း သိရပါတယ်။

တာဟုလော်ရွာရှိ ဖမ်းဆီးခံရသူ ပြည်သူ ၇၀ ကျော်ကို ယနေ့ထိ ပြန်မလွှတ်ဘဲ တောင်ယာလုပ်ငန်းများတွင် အတင်းအဓမ္မ စေခိုင်း၍ တယ်လီဖုန်းများ သိမ်းဆည်းထားကာ အဆက်အသွယ်မလုပ်ခိုင်းဘဲ သတင်းအမှောင်ချထားတယ်လို့လည်းသိရပါတယ်။ #Crd