ကော့ကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်များမီးလောင်ပျက်စီးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စုများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဒေါနခန်းမ၌ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။


