အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ဆုများဆွတ်ခူး

ဇွန် ၁ ရက်‌မှ ၉ ရက်‌နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို၌ ကျင်းပလျက်ရှိသည့် (၁၃) ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာ ဗိုဗီနမ် အားကစားအဖွဲ့ ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါပြိုင်ပွဲ၌ (အမျိုးသမီး) တစ်ကိုယ်တော် လက်သိုင်းအပြပြိုင်ပွဲတွင် မယွန်း လဝန်းအိမ်ရွှေက ရွှေတစ်ခု၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးလက်နက်ဖြင့် အပြပြိုင်ပွဲတွင် မနွေးလွန်းထက်၊ အောင်ပြည့်စုံနိုင်၊ ကျော်ဇောရှင်နှင့် ပြည့်စုံအောင်တိုအတွဲက ရွှေတစ်ခု၊ (အမျိုးသား) မြန်မာဗိုဗီနမ် အားကစားအဖွဲ ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခုဆွတ်ခူးရရှိ 54.0-60.0kg အတိုက်ပြိုင်ပွဲတွင် မောင်ဝေယံကျော်က ငွေတစ်ခု၊ (အမျိုးသမီး) 45.0 – 50.9 kg ပြိုင်ပွဲတွင် မယွန်းပန်းသဇင်အောင်၊ (အမျိုးသား) တစ်ကိုယ်တော်လက်သိုင်း အပြပြိုင်ပွဲတွင် မောင်နိုင်အောင်ရွှေ၊ (အမျိုးသမီးနှစ်ယောက်တွဲ) ဓားအတိုက်အပြ ပြိုင်ပွဲတွင် မဇင်လဲ့ဖြူနှင့် ကြယ်စင်လွင်တိုအတွဲ၊ (အမျိုးသားလေးယောက်တွဲ) လက်နက်မဲ့အပြပြိုင်ပွဲတွင် မင်းခန့်နိုင်၊ နိုင်အောင်ရွှေ၊ ပြည့်စုံအောင်နှင့် ကျော်ဇောရှင်တိုအတွဲကကြေး တစ်ခုစီရရှိခဲ့ပြီးစုစုပေါင်းဆု တံဆိပ်ခုနစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

Crd-အာကာစိုး