NUG ထောက်ခံသူတွေက သူတို့ရဲ့ လေလှိုင်းအစိုးရကို လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ အကြောင်းလေးဖြစ်ပါတယ်။
-အစိုးရဆိုတာ Transparency ရှိရတယ်၊ accountability ရှိရတယ်၊ responsibility ရှိရတယ်လို့ပြောတော့….
ငါတို့က တော်လှန်ရေး အစိုးရ၊ ချပြလို့မရဘူးတဲ့…..
-ဒါဆိုတော်လှန်ရေးလုပ်လေ အလုပ်မဖြစ်တဲ့ ဝန်ကြီးတွေကို ဖြုတ်လိုက်ဆိုတော့..
အစိုးရပုံစံပြည့်မှ နိုင်ငံတကာက legitimacy ပေးမှာတဲ့…
-ဒါဆို သုံးနှစ်ရှိနေပြီ နိုင်ငံတကာက legitimacy ဘာလို့ မပေးတာလဲဆိုတော့..
မြေပြင်စိုးမိုးမှုရှိမှ ရမှာတဲ့..
-ဒါဆိုမြေပြင်မစိုးမိုးဘူးလားဆိုတော့..
၆၀ % ကျော် စိုးမိုးထားတယ်တဲ့..
-ဒါဆို ဘာလို့ legitimacy မရလဲဆိုတော့..
ဗုံးကြဲမှာစိုးလို့တဲ့..
-လေယာဉ်တွေ ပစ်ချလေဆိုတော့..
လေယာဉ်ပစ်တွေရှိမှ ရမှာတဲ့..
-ဒါဆို လေယာဉ်ပစ်မရှိဘူးလားဆိုတော့
ရှိတယ်တဲ့..
-ဒါဆိုဘယ်မှာလဲဆိုတော့..
မသိဘူးတဲ့..
-ဒါဆိုနယ်မြေစိုးမိုးမှုမရှိဘူးလားဆိုတော့
စိုးမိုးတယ်တဲ့
-စိုးမိုးရင် ရုံးထိုင်လေဆိုတော့
မထိုင်ဘူးတဲ့..
-ဒါဆို အဝေးရောက်အစိုးရပေါ့ဆိုတော့လည်း
ပြည်တွင်းမှာ အကုန်ရှိတယ်တဲ့..
-နိုင်ငံခြားမှာ တွေ့နေရတယ်ဆိုတော့
တာဝန်နဲ့ သွားတာတဲ့
မေးတဲ့သူတော့ မသိဘူး ကိုယ်တွေတောင် နားကို မလည်နိုင်တော့ဘူး…..