မိုက်နေသမျှ လွဲနေရဦးမှာပါ

အမုန်းတရားတွေက
မေတ္တာမဝင်နိုင်မချင်းလက်ခံနေရဦးမှာ ။

အရှုံးတရားတွေကလည်း
သည်းမခံနိုင်မချင်း ရှိနေကြဦးမှာ ။

လောကဓံတရားတွေက
မသေမချင်းတွေ့နေကြရဦးမှာ ။

အိုနာသေတရားတွေက
ခန္ဓာမပြတ်မချင်း ရင်ဆိုင်နေရဦးမှာ ။

သောကတွေက
တဏှာမကင်းမချင်း ကြုံကြရဦးမှာ ။

အကုသိုလ်တွေက
နှလုံးသွင်းမမှန်မချင်း ရနေကြဦးမှာ ။

ဝဋ်တရားတွေက
မကုန်မချင်း ပေးဆပ်ကြရဦးမှာ ။

ကွေးကွင်းခြင်းတွေက
တွေ့ကြုံနေရသမျှ ခွဲကြရဦးမှာ ။

တမလွန်ဘဝတွေက
စွဲလန်းမှုမပြတ်မချင်း ဆက်နေရဦးမှာ ။

သူတော်ကောင်းတရားတွေက
ပျော်နေသမျှ ချော်နေကြဦးမှာ ။

နိဗ္ဗာန်ခရီးတွေက
မိုက်နေသမျှ လွဲနေကြရဦးမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏