စာသင်ကျောင်းအတွင်း ပေါက်ကွဲမှုတွင် တပ်က ပြုလုပ်တဲ့ပုံစံဖြင့် Khit Thit မှရေးသား

ဇွန်လ ၄ ရက်နေ့ ထားဝယ်မြို့သစ်၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်း၌ တပ်မတော်က လုံခြုံရေးဆောင်ရွက်ထားခြင်းမရှိသော်လည်း စာသင်ကျောင်းအတွင်း၌ “ငါနဲ့မတူ၊ ငါ့ရန်သူ” ဒိဋ္ဌိအယူစွဲရှိတဲ့ PDF အကြမ်းဖက်အဖွဲ့များ ထောင် ထားခဲ့တဲ့မိုင်းပေါက်ကွဲမှုကြောင့် မောင်ထက်မြတ်အောင် (၉)နှစ်၊ (Grade – 3) သေဆုံးကာ ကလေးငယ် ကျား ၁၀ ဦးနှင့် မ ၁၅ ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ရခြင်းကို Khit Thit Media မှ PDF တွေရဲ့ လူမဆန်တဲ့လုပ်ရပ်ကို အမှန်အတိုင်းမရေးဘဲ အများပြည်သူများ အထင်အမြင်လွဲမှားအောင် တပ်ကပြုလုပ်တဲ့ပုံစံသယောင် အောက်တန်းကျစွာ ကလိမ်ကကျစ်ရေးသားထားခြင်းသာဖြစ်ပါတယ်။