ဇွန်လ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥
ကချင်ပြည်နယ်
မံစီမြို့နယ်ရှိ တပ်ရင်းဌာနချုပ်အချို့အား KIA အဖွဲ့က အဝေးမှ ရှော့တိုက်ဒုံး ၆ လုံး၊ ၆၀ မမ ၆၅ လုံး လက်နက်ကြီး(ရှော့တိုက်ဒုံး ၆ လုံး၊ ၆၀ မမ ၆၅ လုံး)များဖြင့် နှောင့် ယှက်ပစ်ခတ်ခဲ့သော်လည်း လူနေရပ်ကွက်၊ ကျေးရွာအချို့ပေါ်ကိုသာ ကျရောက်ခဲ့။
လက်ရှိအချိန်ထိ KIA သောင်းကျန်းသူအဖွဲ့များသည် မံစီမြို့အတွင်း ဝင်ရောက်နိုင်ခြင်းမရှိဘဲ အဝေးမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိပြီး တပ်မတော်စစ်ကြောင်းများကလည်း နယ်မြေအတွင်း ရှင်းလင်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိ။
ကြားဖြတ်သတင်းများနှင့် အမာခံသတင်းပေးများ၏ ပေးပို့ချက်အရ ယမန်နေ့က မံစီမြို့အား ဝင်ရောက်တိုက်ခိုက်ရန် စုဖွဲ့လျက်ရှိသော KIA သောင်းကျန်းသူ နေရာအား လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် KIA ၃၂ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိကာ သေဆုံး/ဒဏ်ရာရသူများအား ကားများဖြင့် ကျောက်စခန်းဘက်သို့ သယ်ထုတ်သွားကြောင်း သိရှိရ။
စစ်ကိုင်းတိုင်း
စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကျေးရွာအတွင်း နယ်မြေရှင်းနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မသင်္ကာဖွယ်ရာ ကား ၁ စီးအား တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးစဉ် အကြမ်းဖက် PDF များနှင့် အပြန်အလှန်ပစ်မှုဖြစ်ပွားခဲ့ပြီး M-22 သေနတ် ၁ လက်၊ M-4 သေနတ် ၁ လက်နှင့် လက်ပစ်ဗုံးခဲယမ်းများ၊ ယာဉ် ၁ စီး သိမ်းဆည်းရရှိ ကြောင်း။
ပဲခူးတိုင်း
လက်ပံတန်းမြို့နယ်အတွင်း အကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားမှု မရှိစေရေး နယ်မြေရှင်းလင်းနေစဉ် မသင်္ကာဖွယ် ဆိုင်ကယ် ၁ ဦးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက်သမား(ကျား) ၁ ဦးအား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅ တောင့်နှင့်အတူ အသေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရ။