တောင်ကိုရီးယားနိုင်ငံဘက်ကို အမှိက်သရိုက်ထုတ်တွေချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေ ပိုလွှတ်နေခြင်းအား ရပ်တန့်သွားမယ်လို့ မြောက်ကိုရီးယားက ပြောဆိုလိုက်ပြီး ယင်းအစီအစဉ်ဟာ သူတို့ ခံစားခဲ့ရတဲ့ မနှစ်မြို့ ဖွယ်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံသားတွေကို အတွေ့အကြုံကောင်းကောင်း ပေးလိုက်နိုင်တယ်လို့ လည်း အခိုင်အမာဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ မိုးပျံပူဖောင်းပိုလွှတ်မှုတွေ၊ မကြာသေးခင်က အခြားရန်စမှုလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မခံမရပ်နိုင်လောက်တဲ့ လက်တုန့်ပြန်မှုမျိုးနဲ့ မကြာခင်မှာ ပြစ်ဒဏ်ပေးသွားမယ်လို တောင်ကိုရီးယားက ပြောဆိုခဲ့အပြီးမှာ မြောက်ကိုရီးယားရဲ့ ကြေညာချက် ထွက်လာတာပါ။