မာနမကြီးပါနဲ့
စာနာတတ်တဲ့စိတ်ထားပဲကြီးပါ ။
အလိုမကြီးပါနဲ့
မျှဝေလိုစိတ်ကြီးအောင်ကြိုးစားပါ ။
မာနကြီးရင်
ပတ်ဝန်းကျင်မှာအကျည်းတန်သလို
အလိုကြီးရင်လည်း
အများမကြည်ဖြူမှုခံရတတ်ပါတယ် ။
ဘဝအနေထားကြီးကျယ်လည်း
စိတ်အနေထားကျဉ်းပြီး မည်းနေရင်
အများအတွက် အသုံးမဝင်နိုင်ပါဘူး ။
စိတ်မှာ မေတ္တာအကြည်ဓာတ်တွေ
မကိန်းထားဘူးဆိုရင်
တွေ့သမျှလူနဲ့အဆင်မပြေနိုင်ပါဘူး ။
ဘွဲ့ရာထူးနေရာတွေဆိုတာ
ဘာတစ်ခုမျှ မြဲနေတာမရှိသည့်အတွက်
အရှိန်ဝါအားကိုးနဲ့လည်း မမိုက်ချင်ပါနဲ့ ။
အားကိုးမှားတဲ့သူဟာ
ငြင်းဆန်မရတဲ့သေခြင်းနဲ့တွေ့ရင်
သနားစရာအဖြစ်ရောက်နိုင်ပါတယ် ။
ဒါကြောင့်
ကိုယ်ချင်းစာနာနွေးထွေးစေမှုရယ်
အေးမြချမ်းသာစေမှုမေတ္တာရယ်ကို
ရတနာအဝတ် ဆင်မြန်းကြသလို
စိတ်ထဲမှာ ထုံမွမ်းထားနိုင်စေပါမှ
အနေချောင်ပြီး အသေမြတ်နိုင်ပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏