အကြမ်းဖက် KNPP+PNLO/A အဖွဲ့များ မီးရှို့ဖျက်ဆီးသွားသည့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိကျေးရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တပ်နယ်မှူး နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြပါတယ်။
ထို့နောက် ပန်လျန်း ဘုန်းတော်ကြီးကျောင်းဆရာတော်အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ဒေသခံပြည်သူများကိုလည်း အားပေးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။






